ရှီကျင့်ဖိန်သည် စင်ကာပူဝန်ကြီးချုပ် Lee Hsien Loong နှင့်တွေ့ဆုံ

(GMT+08:00)2022-11-18 12:42:03  

နိုဝင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲပိုင်းတွင် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ဘန်ကောက်မြို့တွင် စင်ကာပူ ဝန်ကြီးချုပ် Lee Hsien Loong နှင့် တွေ့ဆုံခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်သည် ရာစုနှစ်ကပ်ရောဂါနှင့် အခြေအနေ ပြောင်းလဲမှုများကို ရင်ဆိုင်ရာတွင် တရုတ်-စင်ကာပူဆက်ဆံရေး တိုးတက်မှု အရှိန် ကောင်းမွန်ပြီး နှစ်နိုင်ငံ၏ ကပ်ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် စီးပွါးရေးနာလန်ပြန်ထူရေးကို ထောက်ကူရုံသာမက ဒေသတွင်းတည်ငြိမ်ရေးနှင့် သာယာဝပြောရေးအတွက် အင်အားကောင်းထည့်သွင်းခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် စင်ကာပူ ခေါင်းဆောင်များနှင့် ကူးလူးဆက်ဆံမှုကို တိုးမြှင့်လိုပါကြောင်း၊ "အရည်အသွေးမြင့်မားခြင်း" ကို တရုတ်-စင်ကာပူ ပူးပေါင်းဆောင်ရွက်မှု၏ ထင်ရှားသော သင်္ကေတ တစ်ခု ဖြစ်စေလိုကြောင်း အလေးထား ပြောကြားခဲ့သည်။ 

Lee Hsien Loong သည် စင်ကာပူ-တရုတ် ပူးပေါင်း ဆောင်ရွက်မှု အရှိန် ကောင်းမွန်ပြီး ယခုလို ရှုပ်ထွေးသော နိုင်ငံတကာ အခြေအနေတွင် စင်ကာပူအနေနှင့် စင်ကာပူ-တရုတ်ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစွာ တိုးချဲ့နိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။