ရှီကျင့်ဖိန်သည် အေပက်အဖွဲ့ ၂၉ ကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များ အလွတ်သဘော အစည်းအဝေး တက်ရောက်ပြီး မိန့်ခွန်း ပြောကြား

(GMT+08:00)2022-11-18 15:35:16  

အေပက်အဖွဲ့ ၂၉ ကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များ အလွတ်သဘော အစည်းအဝေးကို နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပခဲ့ရာ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က အစည်းအဝေး တက်ရောက်ပြီး “စည်းလုံး ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ပြီး တာဝန်ဝတ္တရားများကို ရဲရဲဝံ့ဝံ့ ထမ်းဆောင်၍ အာရှ ပစိဖိတ်ဒေသ ကံကြမ္မာတူ အသိုက်အဝန်းကို တည်ဆောက်ခြင်း” ခေါင်းစဉ်ဖြင့် မိန့်ခွန်း ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။

  ရှီကျင့်ဖိန်က လွန်ခဲ့သည့် နှစ်ဆယ်ပေါင်းများစွာအတွင်း အာရှ ပစိဖိတ်ဒေသ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုသည် ရှင်သန်စွာ ဖွံ့ဖြိုးတိုးတက်လာပြီး တစ်ကမ္ဘာလုံးက အာရုံစိုက်ကြသော “အာရှ ပစိဖိတ် အံ့ဖွယ်”ကို ဖန်တီးနိုင်ခဲ့ကြောင်း၊ အခြေအနေသစ်တွင် မိမိတို့သည် အာရှပစိဖိတ်ဒေသ ကံကြမ္မာတူ အသိုက်အဝန်းကို လက်တွဲ တည်ဆောက် ရမည်ဖြစ်ပြီး အာရှပစိဖိတ်ဒေသ ပူးပေါင်းဆောင်ရွက်ရေး ပြောင်မြောက်ဖွယ်များကို ဆက်လက် ဖန်တီးရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

ရှီကျင့်ဖိန်က နိုင်ငံတကာ တရားမျှတမှုကို ထိန်းသိမ်းပြီး အေးချမ်းတည်ငြိမ်သော အာရှ ပစိဖိတ်ဒေသကို တည်ဆောက်ရန်၊ သက်ညှာထောက်ထားရေးကို စွဲကိုင်ပြီး အတူ ချမ်းသာသော အာရှပစိဖိတ်ဒေသကို လက်တွဲတည်ဆောက်ရန်၊ ကာဗွန်ထုတ်လွှတ်မှု နည်းပါးသည့် အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ရေးကို စွဲကိုင်ပြီး သန့်စင် သာယာသော အာရှ ပစိဖိတ်ဒေသကို လက်တွဲ တည်ဆောက်ရန်၊ အေးအတူ ပူအမျှကို စွဲကိုင်ပြီး အပြန်အလှန် ဖေးမကူညီသော အာရှ ပစိဖိတ်ဒေသကို လက်တွဲ တည်ဆောက်ရန် စသဖြင့် အဆိုပြု ခဲ့ပါသည်။