ဂျီ-၂၀ ထိပ်သီးအစည်းအဝေး၏ ဒုတိယနေ့တွင် သမ္မတရှီကျင့်ဖိန်သည် လှုပ်ရှားမှုများကို တက်ရောက်

(GMT+08:00)2022-11-18 15:27:41  

နိုဝင်ဘာလ ၁၆ ရက်နေ့သည် ဘာလီကျွန်း ဂျီ-၂၀ ထိပ်သီးအစည်းအဝေး၏ ဒုတိယနေ့ ဖြစ်ပြီး အစည်းအဝေးပိတ်ပွဲနေ့လည်း ဖြစ်ပါသည်။ ထိုနေ့တွင်ပင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ဘာလီကျွန်းတွင် နိုင်ငံပေါင်းစုံနှင့် နှစ်နိုင်ငံအကြားလှုပ်ရှားမှုများကို တက်ရောက် ခဲ့ပါသည်။

ယခုအကြိမ် ထိပ်သီးအစည်းအဝေး ဒုတိယနေ့တွင် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ရာ သမ္မတရှီကျင့်ဖိန်က နိုင်ငံစုံဝါဒကို စွဲကိုင်ရန်၊ ဖွံ့ဖြိုး တိုးတက်ရေးဦးစားပေးရန်၊ ဆန်းသစ်တီထွင်မှုဖြင့် တွန်းအားပေးရန် စွဲကိုင်ချက် သုံးချက်ကို အဆိုပြုခဲ့ ပါသည်။ 

ထိုနေ့ ညနေပိုင်းတွင် သမ္မတရှီကျင့်ဖိန်က ဘာလီကျွန်းတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဂူတာရက်စ်နှင့် တွေ့ဆုံခဲ့ပါသည်။ ရှီကျင့်ဖိန်က တရုတ်နိုင်ငံသည် ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ပြီး ကမ္ဘာလုံး ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအဆိုပြုချက်၊ ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအဆိုပြုချက်အတွက် အောင်ကျိုးရလဒ်များရရှိရန် အတူတကွ တွန်းအားပေးလိုကြောင်း ပြောကြားခဲ့ပါသည်။

ထိုနေ့ညတွင် သမ္မတရှီကျင့်ဖိန်နှင့် အင်ဒိုနီးရှားနိုင်ငံသမ္မတဂျိုကိုတို့သည် တွေ့ဆုံ ဆွေးနွေးခဲ့ပြီးနောက် သက်ဆိုင်ရာလှုပ်ရှားမှုများကိုလည်း အတူတက်ရောက်ခဲ့ကြပါသည်။ နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်တို့သည် တရုတ်-အင်ဒိုနီးရှား ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေးနှင့်ပတ်သက်ပြီး အရေးပါသော သဘောတူညီမှုကို ရရှိခဲ့ပါသည်။