ရှီကျင့်ဖိန်သည် ဖိလစ်ပိုင်သမ္မတမားကို့စ်နှင့် တွေ့ဆုံ

(GMT+08:00)2022-11-18 12:43:27  

နိုဝင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲပိုင်းတွင် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဖိလစ်ပိုင်သမ္မတ မားကို့စ်နှင့် တွေ့ဆုံခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်က တရုတ်နိုင်ငံက တရုတ်-ဖိလစ်ပိုင်ဆက်ဆံရေးကို မဟာဗျူဟာရှုထောင့်အရ အမြဲရှုမြင်နေကြောင်း၊ ယခုနှစ် မေလတွင် မိမိတို့ တယ်လီဖုန်း ဆက်သွယ်ရာ၌ ခေတ်သစ်တွင် တရုတ်-ဖိလစ်ပိုင် ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အရေးကြီးသော သဘောတူညီမှုများကို ရရှိခဲ့ပြီး နှစ်ဖက်တို့သည် စိုက်ပျိုးရေး၊ အခြေခံအဆောက်အအုံ၊ စွမ်းအင်နှင့် လူမှုယဉ်ကျေးမှု အပါအဝင် ပူးပေါင်း ဆောင်ရွက်ရေးနယ်ပယ် ၄ ခုကိုအတည်ပြုခဲ့ကြောင်း၊ နှစ်ဖက်တို့သည် ပူးပေါင်းဆောင်ရွက်ရေး အရည်အသွေးကိုမြှင့်တင်ကာ နှစ်နိုင်ငံ ပြည်သူများ အတွက် အကျိုးဆောင်ပေးရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မားကို့စ်က  တရုတ်ကွန်မြူနစ်ပါတီ အကြိမ် ၂၀ မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ အောင်မြင်စွာကျင်းပခြင်းနှင့် သမ္မတ ရှီကျင့်ဖိန်က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူးအဖြစ် ထပ်မံအရွေးခံရခြင်းကို ထောမနာ ပြုပါကြောင်း၊ ယင်းသည် တရုတ်အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုများပြားသော တည်ငြိမ်မှုပေးနိုင်ပြီး ဒေသတွင်းနှင့် တစ်ကမ္ဘာလုံးအတွက်လည်း အကျိုးသက်ရောက်မှုရှိကြောင်း ပြောကြားခဲ့သည်။