ရှန်ကျိုးအမှတ် ၁၄ အာကာသယာဉ်မှူးအဖွဲ့သည် တတိယမြောက် အာကာသစခန်း ပြင်ပလှုပ်ရှားမှုကို ဆောင်ရွက်ခဲ့

(GMT+08:00)2022-11-18 15:29:55  

တရုတ်နိုင်ငံ လူပါအာကာသအင်ဂျင်နီယာရုံးမှ သတင်းအရ တရုတ်နိုင်ငံ ရှန်ကျိုးအမှတ် ၁၄ လူပါ အာကာသယာဉ်မှူးအဖွဲ့သည် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ယခုအကြိမ် အာကာသစခန်း တာဝန်လုပ်ငန်းစဉ်အတွင်း တတိယမြောက် အာကာသစခန်းပြင်ပလှုပ်ရှားမှုကို ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

အာကာသစခန်းပြင်ပလှုပ်ရှားမှုကို ဆောင်ရွက်ရာတွင် အာကာသယာဉ်မှူးနှစ်ဦးသည် အာကာသယာဉ် ချိတ်ဆက်မှုကိရိယာကိုတပ်ဆင်ခြင်းနှင့် ဝင့်ထျန်းစမ်းသပ်ယာဉ်ခန်း၏ မြင်ကွင်းကျယ်ကင်မရာကို မြှင့်ပေးခြင်း စသည့် လုပ်ငန်းစဉ်ကို ဆောင်ရွက် ပြီးစီးခဲ့ပါသည်။ ယင်းသည် တရုတ်အာကာသယာဉ်မှူးများ၏ သတ္တမမြောက် အာကာသစခန်းပြင်ပ လှုပ်ရှားမှုလည်း ဖြစ်ပါသည်။