မလေးရှားလေကြောင်းလိုင်း MH17 လေယာဉ်ပျက်ကျမှုတွင် လူသတ်မှုဖြင့် သံသယရှိသူ ၃ ဦးကိုနယ်သာလန်တရားရုံးကစီရင်ဆုံးဖြတ်

(GMT+08:00)2022-11-18 16:36:56  

မလေးရှားလေကြောင်းလိုင်း MH17 လေယာဉ်ပျက်ကျမှုတွင်သံသယရှိသူလေးဦးအနက် သုံးဦးသည်လူသတ်မှုအပြစ်ရှိပြီးကျန်တစ်ဦးသည် ပြစ်မှုမရှိကြောင်းဒေသစံတော်ချိန်၁၇ရက်နေ့တွင်နယ်သာလန် တရားရုံးကစီရင်ချက်ချခဲ့သည်။ သံသယရှိသူလေးဦးသည် ရုရှားနိုင်ငံသား ၃ ဦးနှင့် ယူကရိန်းနိုင်ငံသားတစ်ဦးတို့ဖြစ်ကြောင်းသိရသည်။ ၄င်းလေးဦးသည်ထွက်ပြေးနေဆဲဖြစ်ပြီးတရားရုံးသို့ သွားရန် ငြင်းဆိုထားသည်။

၂၀၁၄ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့တွင် မလေးရှားလေကြောင်းလိုင်း MH17 သည် နယ်သာလန်နိုင်ငံအမ်စတာဒမ်မြို့မှ မလေးရှားနိုင်ငံကွာလာလမ်ပူမြို့သို့ ထွက်ခွာခဲ့ပြီး ရုရှားနယ်စပ်အနီးယူကရိန်းတွင် ပျက်ကျခဲ့ရာလေယာဉ်ပေါ်ပါ လူ ၂၉၈ ဦးသေဆုံးခဲ့ပြီးယင်းအနက် နယ်သာလန်နိုင်ငံသား ၁၉၆ ဦးပါဝင်သည်။