China Media Group ၏ ”ခရီးစဉ်သစ်၌တရုတ်နှင့်ကမ္ဘာ” တရုတ်-အာဖရိက မီဒီယာများ နှီးနှောဖလှယ်ပွဲကို နိုင်ရိုဘီတွင် ကျင်းပ

(GMT+08:00)2022-11-18 15:31:44  

ဒေသစံတော်ချိန် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ကင်ညာနိုင်ငံ  နိုင်ရိုဘီမြို့တွင် China Media Group ၏ ”ခရီးစဉ်သစ်၌တရုတ်နှင့်ကမ္ဘာ” တရုတ်-အာဖရိကမီဒီယာဆွေးနွေးပွဲကို ကျင်းပခဲ့သည်။ ယခုအကြိမ် ဆွေးနွေးပွဲသည် China Media Group ၏ ၂၀၂၂ ခုနှစ် "အာဖရိကမိတ်ဖက်များ" မီဒီယာပူးပေါင်းဆောင်ရွက်ရေးဖိုရမ်၏ မူဘောင်အောက်တွင် အရေးကြီးသောလှုပ်ရှားမှုများထဲမှ တစ်ခုဖြစ်ကြောင်း၊ ကင်ညာ၊ ရဝမ်ဒါ၊ တန်ဇန်းနီးယား၊ မဒါဂတ်စကာ၊ တောင်ဆူဒန်၊ ဇမ်းဘီးယားနှင့် ဆီရာလီယွန် အပါအဝင် နိုင်ငံ၂၀ မှ မီဒီယာတာဝန်ရှိသူများ၊ ကျွမ်းကျင် ပညာရှင်များ ၆၀ တို့က တရုတ် ကွန်မြူနစ်ပါတီ အကြိမ် ၂၀မြောက် ပြည်လုံးဆိုင်ရာကိုယ်စားလှယ်များ ညီလာခံ နောက်ပိုင်း ဖွံ့ဖြိုး တိုးတက်မှုအသစ်သည် အာဖရိကအတွက် အခွင့်ကောင်းသစ်များ ဆောင်ကြဉ်းလာသည့် အပြင် တရုတ်-အာဖရိက ကံကြမ္မာတူအသိုက်အဝန်း တည်ဆောက်ရေးအတွက်လည်း အားသစ်လောင်းပေးသည်ဟု ယူဆခဲ့ကြကြောင်း China Media Group မှ သတင်းအရ သိရပါသည်။