ဖုန်လိယွမ်သည် အေပက်အဖွဲ့ စီးပွားရေးအုပ်စုအချို့မှ ခေါင်းဆောင်များ၊ ကိုယ်စားလှယ် များ၏ ဇနီးများနှင့်အတူ အာယူတီယာ ဘုရင့်နိုင်ငံ အနုပညာ ပြတိုက်၌ လည်ပတ်ကြည့်ရှု

(GMT+08:00)2022-11-18 18:26:19  

   တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်၏ ဇနီး ဖုန်လိယွမ်သည် ထိုင်းဝန်ကြီးချုပ်၏ဇနီး နာရာပွန်၏ ဖိတ်ကြားချက်အရ နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းက အေပက်အဖွဲ့ ၂၉ ကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များ အလွတ်သဘော အစည်းအဝေး တက်ရောက် နေသော စီးပွားရေးအုပ်စုအချို့မှ ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များ၏ ဇနီးများနှင့်အတူ အာယူတီယာ ဘုရင့်နိုင်ငံ အနုပညာပြတိုက်သို့ သွားရောက် လည်ပတ်ကြည့်ရှုခဲ့ကြ ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။