တရုတ်နှင့် အင်ဒိုနီးရှားပူးတွဲ ကြေညာချက် ထုတ်ပြန်

(GMT+08:00)2022-11-17 16:33:41  

တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အင်ဒိုနီးရှားသမ္မတနိုင်ငံတို့သည် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ဘာလီကျွန်း၌ ပူးတွဲ ကြေညာချက်ကိုထုတ်ပြန်ခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။

      ယင်းကြေညာချက်တွင် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် အင်ဒိုနီးရှားသမ္မတကျိုဂို၏ ဖိတ်ကြားချက်အရ ဘာလီကျွန်း၌ ၁၇ ကြိမ်မြောက် ဂျီ-၂၀ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း၊ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် နှစ်နိုင်ငံခေါင်းဆောင်တို့သည် ချစ်ခင်ရင်းနှီးသောအခြေအနေတွင် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ပြီး နှစ်နိုင်ငံဆက်ဆံရေး၊ မျက်မှောက်အခြေအနေနှင့် သက်ဆိုင်ရာ အရေးကြီးအကြောင်းကိစ္စများနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ခဲ့ပြီး နှစ်နိုင်ငံဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံမှု တိုးမြှင့်ရေး နှင့် နှစ်နိုင်ငံကံကြမ္မာတူ အသိုက်အဝန်း အတူတည်ဆောက်ရေးနှင့် ပတ်သက်ပြီး အရေးကြီးသဘောတူညီမှု အသစ်များရရှိခဲ့ကြောင်း၊ နှစ်နိုင်ငံတို့သည် တရုတ်နိုင်ငံက အားကောင်းသော ဆိုရှယ်လစ်ခေတ်မီနိုင်ငံဖြစ်အောင် ဘက်စုံတည်ဆောက်ရေး ဒုတိယနှစ်တစ်ရာ ကြိုးပမ်းဆောင်ရွက်ရေးရည်မှန်းချက် ဖေါ်ဆောင်စဉ်နှင့် အင်ဒိုနီးရှားက ၂၀၄၅ ခုနှစ် နိုင်ငံတော် တည်ထောင်ခြင်းနှစ်တစ်ရာရည်မှန်းချက် ဖေါ်ဆောင်စဉ်တွင် အားကောင်းစွာအပြန်အလှန် ထောက်ခံမည် ဖြစ်ကြောင်း၊ နှစ်ဖက်တို့သည် တစ်ဖက်သား၏ ပြည်တွင်းရေးကို ဝင်မစွက်ဖက်ရေးမူကို စွဲကိုင်မည်ဟု ထပ်လောင်းအတည်ပြုပြီး နိုင်ငံတော် အချုပ်အခြာအာဏာပိုင်ခွင့်၊ လုံခြုံရေးနှင့် နယ်မြေတည်တံ့ပြည့်စုံရေးစသည့် အမြုတေကျသော အကျိုးစီးပွားရေးရာများတွင် ပြတ်ပြတ်သားသား အပြန်အလှန် ထောက်ခံမည်ဟု ထပ်လောင်းအတည်ပြုပါကြောင်း စသဖြင့် ဖေါ်ပြထားပါသည်။