ရှီကျင့်ဖိန်သည် အင်ဒိုနီးရှားသမ္မတ ကျိုဂိုနှင့် တွေ့ဆုံဆွေးနွေး

(GMT+08:00)2022-11-17 16:57:00  

နိုဝင်ဘာလ ၁၆ ရက်နေ့ညတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် အင်ဒိုနီးရှားသမ္မတ ကျိုဂို နှင့် ဘာလီကျွန်း၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ နှစ်နိုင်ငံထိပ်သီးခေါင်းဆောင်များသည် တရုတ်-အင်ဒိုနီးရှား အေးအတူ ပူအမျှ ကံကြမ္မာတူအသိုက်အဝန်းကို တည်ဆောက်ရန် အရေးကြီးသော သဘော တူညီမှု ရရှိခဲ့ကြောင်း၊ လာမည့်နှစ်တွင် တရုတ်-အင်ဒိုနီးရှား ဘက်စုံမဟာဗျူဟာ မိတ်ဖက် ဆက်ဆံရေး တည်ထောင်ခြင်း ၁၀ နှစ်ပြည့်မြောက်ခြင်းကို အခွင့်ကောင်းအဖြစ်အထားပြီး အရည်အချင်းမြင့်မားသော ပူးပေါင်းဆောင်ရွက်ရေး အခန်းကဏ္ဍသစ်ကိုဖွင့်လှစ်ရန် သဘောတူကြကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

       ရှီကျင့်ဖိန်က အင်ဒိုနီးရှားသည် G-20 ထိပ်သီးအစည်းအဝေးကို အောင်မြင်စွာ ကျင်းပခြင်းကို  ထောမနာပြုပါကြောင်း၊ တရုတ်-အင်ဒိုနီးရှား ပူးပေါင်းဆောင်ရွက်မှုတွင် လက်တွေ့ ကျသော အောင်မြင်မှုများရရှိခဲ့ပြီး နှစ်နိုင်ငံပြည်သူများအတွက် အကျိုးဆောင်ရုံသာမက ဒေသတွင်းနှင့် တစ်ကမ္ဘာလုံးအတွက် အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုလည်း ရှိကြောင်း ပြောကြား ခဲ့သည်။

       ကျိုဂိုက နှစ်ဖက်တို့သည် မဟာဗျူဟာနှင့်လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစေကာ နှစ်နိုင်ငံ အေးအတူ ပူအမျှ ကံကြမ္မာတူအသိုက်အဝန်းကို လက်တွဲတည်ထောင်ရန် မျှော်လင့်ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံသည် အာဆီယံ-တရုတ် ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှုကို တက်ကြွစွာ တိုးမြှင့် ပေးလိုကြောင်း ပြောကြားခဲ့သည်။