China Media Group နှင့် အင်ဒိုနီးရှား နိုင်ငံအသံလွှင့်ဌာနတို့ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုး

(GMT+08:00)2022-11-17 16:48:14  

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ၁၇ ကြိမ်မြောက် ဂျီ-၂၀ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်စဉ်အတောအတွင်း China Media Group ဥက္ကဋ္ဌ ရှိန့်ဟိုင်ရှုန်နှင့် အင်ဒိုနီးရှား နိုင်ငံ အသံလွှင့်ဌာနဥက္ကဋ္ဌယီ-ဟန်ဒရာတို့သည် China Media Group နှင့် အင်ဒိုနီးရှား နိုင်ငံ အသံလွှင့်ဌာနတို့ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာကို လက်မှတ် ရေးထိုးခဲ့ကြသည်။ ယင်းစာချွန်လွှာသည် နှစ်နိုင်ငံခေါင်းဆောင်များ၏ မဟာဗျူဟာမြောက် ဦးဆောင်မှုဖြင့် နှစ်နိုင်ငံမှ အဓိကမီဒီယာများ၏ မီဒီယာနယ်ပယ်မှ နောက်ဆုံးပူးပေါင်းဆောင်ရွက်မှု အောင်ကျိုး ရလဒ်ဖြစ်သည်။