ဖုန်လိယွမ်သည် အင်ဒိုနီးရှားသမ္မတ၏ဇနီး Iriana နှင့် တွေ့ဆုံ

(GMT+08:00)2022-11-17 16:58:31  

ယခုလ ၁၆ ရက်နေ့ မွန်းလွဲပိုင်းတွင် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်၏ဇနီးဖုန်လိယွမ်သည် အင်ဒိုနီးရှားသမ္မတ၏ဇနီး Iriana နှင့် ဘာလီကျွန်းတွင် တွေ့ဆုံခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

       ဖုန်လိယွမ်ရောက်ရှိသည့်အခါ ဒေသခံလူငယ်များသည် အင်ဒိုနီးရှားရိုးရာဂီတတူရိယာဖြစ်သည့် gamelan ဖြင့် ကြိုဆိုကြသည်။ Iriana သည် ဖုန်လိယွမ်ကို နွေးထွေးစွာ နှုတ်ဆက်ကြိုဆိုပြီး အမှတ်တရ ဓာတ်ပုံရိုက်ခဲ့ပါသည်။ Iriana နှင့်အတူ ဖုန်လိယွမ်သည် အင်ဒိုနီးရှား ရိုးရာယဉ်ကျေးမှု အနုပညာဖျော်ဖြေပွဲများနှင့် လက်မှုပစ္စည်းများပြသမှုကို ကြည့်ရှုခဲ့သည်။ ဘာလီကျွန်းရှိ Udayana University မှ ခရီးသွားလုပ်ငန်းကွန်ဖြူးရှပ်တရုတ်ဘာသာသင်ကျောင်းမှ ကျောင်းသားများသည် အမျိုးသားဝတ်စုံများ ၀တ်ဆင်ပြီး အင်ဒိုနီးရှားသီချင်း "The Beautiful Solo River" ကို တရုတ်ဘာသာဖြင့် သီဆို ဖျော်ဖြေခဲ့ကြပါသည်။ ဖုန်လိယွမ်က တရုတ်ဘာသာစကားကို ကျောင်းသားများ ဆက်လက်လေ့လာရန် အားပေးပြီး တရုတ် ယဉ်ကျေးမှုကို သိရှိနားလည်ရန်နှင့် တရုတ်-အင်ဒိုနီးရှားပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သံတမန်များ ဖြစ်လာရန် ပိုမိုများပြားသော အင်ဒိုနီးရှားလူငယ်များ တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်ဖို့ ကြိုဆိုကြောင်း ပြောကြားခဲ့သည်။