ဂျကာတာ-ဘန်ဒေါင်းမြန်နှုန်းမြင့် ရထားလမ်း၏ စမ်းသပ်လည်ပတ်မှု အောင်မြင်စွာ ဆောင်ရွက်ပြီးစီး

(GMT+08:00)2022-11-17 16:39:26  

တရုတ်နိုင်ငံရထားလမ်းဆိုင်ရာ နိုင်ငံတကာကုမ္ပဏီလီမိတက် (China Railway International Co.,Ltd.) မှ ရရှိသည့် သတင်းအရ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် အဆိုပါကုမ္ပဏီမှ ထုတ်လုပ်သော မြန်နှုန်းမြင့် ရထားလမ်း ဘက်စုံစမ်းသပ်ရေး ရထား တစ်စင်းသည် ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့် ရထားလမ်း၏ Dekarur ဘူတာရုံမှ အမှတ် ၄ Casting Yard ကြား ရထားလမ်းကို ဘက်စုံ စမ်းသပ်စစ်ဆေးခဲ့ပြီး ရရှိထားသော ညွှန်းကိန်းများ ကောင်းမွန်ပါကြောင်း၊ ယင်းသည် တရုတ်နှင့် အင်ဒိုနီးရှားနှစ်နိုင်ငံတို့ ပူးပေါင်းဆောင်ရွက်ပြီး တည်ဆောက်သည့် ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်း၏ စမ်းသပ်လည်ပတ်မှု ပြီးမြောက်အောင်မြင်ခြင်းကို ပြသကြောင်း သိရပါသည်။

      ဂျကာတာ-ဘန်ဒေါင်းမြန်နှုန်းမြင့် ရထားလမ်းသည် အင်ဒိုနီးရှားနိုင်ငံ၏ မြို့တော် ဂျကာတာနှင့် ထင်ရှားကျော်ကြားသော ခရီးသွားမြို့ဖြစ်သည့် ဘန်ဒေါင်းကို ဆက်သွယ် ထားပြီး စုစုပေါင်းအရှည် ၁၄၂.၃ ကီလိုမီတာရှိကာ အမြန်ဆုံးလည်ပတ်နှုန်း တစ်နာရီလျှင် ကီလိုမီတာ ၃၅၀ ရှိပါသည်။ ယင်းစီမံကိန်းကို အပြည့်အစုံတည်ဆောက်ပြီးပါက ဂျကာတာမှ ဘန်ဒေါင်းသို့ ခရီးသွားချိန်ကို လက်ရှိ ၃ နာရီကျော်မှ မိနစ် ၄၀ အထိသို့ တိုတောင်းစေမည်ဖြစ်ပါသည်။