မိမိတို့သည် မည်သို့သော နိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှုကို လိုအပ်သနည်း၊ တရုတ်နိုင်ငံက ဤကဲ့သို့ အဖြေပေးလိုက်သည်

(GMT+08:00)2022-11-17 16:36:29  

၁၇ ကြိမ်မြောက် ဂျီ-၂၀ ထိပ်သီးခေါင်းဆောင်များအစည်းအဝေးကို ယခုလ ၁၆ ရက်နေ့ ညနေပိုင်းက အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း၌ ကျင်းပပြီးစီးခဲ့ပါသည်။ အစည်းအဝေးတွင် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ဖွံ့ဖြိုးတိုးတက်မှုကို ဝိုင်းဝန်းပြီး ဂျီ-၂၀ နိုင်ငံများသည် ပိုမိုသက်ညှာထောက်ထားသော၊ အကျိုးခံစားမှု ပိုမိုကျယ်ပြန့်သော၊ ပိုမိုခိုင်ခံ့သော နိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေရမည်ဟု အဆိုပြုခဲ့ပြီး ဘက်ပေါင်းစုံမှ ကျယ်ပြန့်သော အားပေးထောက်ခံမှုကို ရရှိခဲ့ပါသည်။ အစည်းအဝေးမှ အတည်ပြုခဲ့သောကြေညာချက်တွင် တရုတ်နိုင်ငံ၏ သက်ဆိုင်ရာအဆိုပြုချက်များ ပေါ်လွင်နေပြီး နိုင်ငံတကာစီးပွားရေးဆိုင်ရာ စိန်ခေါ်မှုများကို ထပ်မံရင်ဆိုင် ဖြေရှင်းရန် အတွက် ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်မည်ဟုလည်း ထပ်လောင်းဖေါ်ပြကာ၊ ဆက်တိုက် ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက် ဖေါ်ဆောင်ရေးကို မြှင့်တင်ရန်နှင့် ဆက်တိုက် ဖွံ့ဖြိုး တိုးတက်ရေးဖြင့် အတူစည်ပင်သာယာမှုကိုဖေါ်ဆောင်ရန်လည်း ဖေါ်ပြထားပါသည်။

ဖွံ့ဖြိုးတိုးတက်မှုသည် ပြဿနာအားလုံးကိုဖြေရှင်းရန် သော့ချက်ကျရာ ဖြစ်ပြီး စီးပွားရေးနာလန်ပြန်ထူရေးကို တိုးမြှင့်ရန် အမြုတေကျသည့် မောင်းနှင်အား ဖြစ်သည်။ မျက်မှောက် အခြေအနေတွင် မိမိတို့သည် မည်သို့သောဖွံ့ဖြိုးတိုးတက်မှုကို လိုအပ်သနည်း။ ယခုအကြိမ် အစည်းအဝေးတွင် သမ္မတရှီကျင့်ဖိန်က ပိုမိုသက်ညှာထောက်ထားသော၊ အကျိုးခံစားမှု ပိုမိုကျယ်ပြန့်သော၊ ပိုမိုခိုင်ခံ့သော နိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အဆိုပြုချက်ကို ဖေါ်ပြထားပါသည်။ နိုင်ငံတကာမီဒီယာများက သမ္မတရှီကျင့်ဖိန်၏ အဆိုပြုချက်သည် နိုင်ငံတကာ ဆက်တိုက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တွန်းအား ထည့်သွင်းပေးပြီး “ကမ္ဘာကြီးက ဘာဖြစ်နေသလဲ” ၊ “မိမိတို့ ဘယ်လိုလုပ်ရမလဲ” ဆိုတဲ့ ယနေ့ခေတ် မေးခွန်း၏ အဖြေရရှိရန်အတွက် တရုတ်ဉာဏ်ကို ပေးဆောင်သည်ဟု ကျယ်ကျယ်ပြန့်ပြန့် မှတ်ယူကြပါသည်။

ခေတ်မီရေးသို့ စဉ်ဆက်မပြတ် လျှောက်လှမ်းနေသော တရုတ်နိုင်ငံသည် ကမ္ဘာကြီး အတွက် ပိုမိုများပြားသော အခွင့်အလမ်းများကို ဖန်တီးပေးမည် ဖြစ်ပြီး “အတူနာလန်ပြန်ထူရေး” နှင့် “အားကောင်းစွာ နာလန်ပြန်ထူရေး” ကို တွန်းအားပေးမည် ဖြစ်ကြောင်း China Media Group မှ သတင်းဆောင်းပါးတစ်ပုဒ်တွင် ရေးသား ဖေါ်ပြပါသည်။