၂၀၂၂ ခုနှစ် အေပက်အဖွဲ့ စက်မှုနှင့်ကုန်သွယ်မှု ထိပ်သီးခေါင်းဆောင်များ နှစ်ပတ်လည် အစည်းအဝေး ဖွင့်လှစ်

(GMT+08:00)2022-11-17 16:37:42  

၂၀၂၂ ခုနှစ် အေပက်အဖွဲ့ စက်မှုနှင့်ကုန်သွယ်မှု ထိပ်သီးခေါင်းဆောင်များ နှစ်ပတ်လည်အစည်းအဝေးကို ယခုလ ၁၇ ရက်နေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မြို့၌ တရားဝင် ဖွင့်လှစ်ခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

      ယခုအကြိမ် အစည်းအဝေးတွင် “ကမ္ဘာ့စီးပွားရေးနှင့် အေပက်အဖွဲ့၏ အနာဂတ်ရေး”၊ “ဆန်းသစ်တီထွင်ရေး-လာမည့်ရှေ့ပြေးနေရာ”၊ “အာရှ ပစိဖိတ်ဒေသကုန်သွယ်မှုနှင့် ရင်းနှီး မြှုပ်နှံမှု၏ အနာဂတ်ရေး” နှင့် “အေပက်အဖွဲ့ဝင်နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအား ပေးရေး” စသည့်အကြောင်းများကို ဝိုင်းဝန်းဆွေးနွေးမည် ဖြစ်ပါသည်။