ဂျီ-၂၀ ဘာလီထိပ်သီးအစည်းအဝေး ပထမနေ့တွင် ရှီကျင့်ဖိန်က ဘာကိုအဓိကထား ပြောကြားခဲ့သလဲ

(GMT+08:00)2022-11-17 16:43:00  

နိုဝင်ဘာလ ၁၅ ရက်နေ့က ၁၇ ကြိမ်မြောက် ဂျီ-၂၀ ထိပ်သီး အစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် စတင်ကျင်းပခဲ့သည်။ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ပါသည်။

  "ဖွံ့ဖြိုးတိုးတက်ရေး" သည် ရှီကျင့်ဖိန်၏ မိန့်ခွန်းတွင် အထင်ရှားဆုံး သော့ချက်ကျ စကားလုံးဖြစ်ပြီး ၎င်းသည် နာလန်ပြန်ထူရေးကိုရရှိရန် အရေးကြီးဆုံးသော တွန်းအားလည်း ဖြစ်သည်။ နိုင်ငံတိုင်းသည် ကောင်းမွန်သောနေထိုင်မှုဘဝ လိုကြပြီး ခေတ်မီတိုးတက်ရေးသည် မည်သည့်နိုင်ငံ၏ အခွင့်ထူးမဟုတ်ကြောင်း၊ ဦးစီးနိုင်ငံများ သည် အခြားနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုကို စိတ်ရင်းမှန်ဖြင့် ကူညီပြီး ပိုမိုများပြားသော ကမ္ဘာလုံးဆိုင်ရာ အများသုံးကုန်ပစ္စည်းများ ပံ့ပိုးသင့်ကြောင်း ရှီကျင့်ဖိန်က ပြောကြား ပါသည်။

      ဤမိန့်ခွန်းတွင် ရှီကျင့်ဖိန်သည် ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု နယ်ပယ်တွင် အပြင်းထန်ဆုံးသော စိန်ခေါ်မှုများဖြစ်သည့် စားနပ်ရိက္ခာနှင့် စွမ်းအင်လုံခြုံရေးကို အာရုံစိုက်ခဲ့သည်။ ဂျီ-၂၀ သည် ဤကိစ္စကို အလေးအနက်ထားသင့်ပြီး ထုတ်လုပ်မှု၊ သိုလှောင်မှု၊ အရင်းအနှီး၊ နည်းပညာစသည့်နယ်ပယ်တွင် လိုအပ်သော ပံ့ပိုးကူညီမှုများ ပေးသင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။