ရုရှားက ယူကရိန်းစွမ်းအင်အဆောက်အအုံများကို တိုက်ခိုက်သည်ဟုဆို၊ ယူကရိန်းက ရုရှားဒုံးကျည်များကို ဟန့်တားသည်ဟုဆို

(GMT+08:00)2022-11-17 16:32:55  

ရုရှားစစ်တပ်သည် ယူကရိန်းနိုင်ငံ နေရာအများအပြားတွင်ရှိ စစ်ဌာနချုပ်များနှင့် စွမ်းအင် အဆောက်အအုံများကို တိုက်ခိုက်ခဲ့ပြီး အရှေ့ဘက်စစ်မျက်နှာရှိ ယူကရိန်းစစ်ပစ်မှတ်အများအပြားကို ဖျက်ဆီးခဲ့သည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၁၆ ရက်နေ့က ကြေညာခဲ့ကြောင်း၊ ယင်းနေ့၌ပင် ယူကရိန်းစစ်တပ်သည် ရုရှားမှဒုံးကျည် ၇၀ ကျော်ကို ကြားဖြတ်ဟန့်တားခဲ့ပြီး Donetsk ရှိ နေရာအများအပြားတွင် ရုရှား၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကို ချေမှုန်းခဲ့သည်ဟု ယူကရိန်းဘက်မှ ထုတ်ပြန်ခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။