နိုင်ငံတော်တော်များများမှ ပုဂ္ဂိုလ်များသည် သမ္မတရှီကျင့်ဖိန်၏ မိန့်ခွန်းကို ချီးကျူးပြောဆို

(GMT+08:00)2022-11-17 16:46:11  

     ယခုလ ၁၅ ရက်နေ့တွင် ၁၇ ကြိမ်မြောက် ဂျီ-၂၀ ထိပ်သီး အစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ကျင်းပခဲ့ပါသည်။ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်တက်ရောက်ပြီး မိန့်ခွန်း ပြောကြားခဲ့ပါသည်။

      တူရကီ အာရှ-ပစိဖိတ် သုတေသနစင်တာဥက္ကဋ္ဌ SelçukÇolakoğlu က သမ္မတ ရှီကျင့်ဖိန်၏ မိန့်ခွန်းပါ စာသားအပြည့်အစုံကို ဖတ်ကြည့်လျှင် ကိုဗစ်-၁၉ ဖြစ်ပွားပြီးနောက် ကမ္ဘာကြီးကို စိန်ခေါ်နေသည့် အဓိကပြဿနာတိုင်းကို သူပြောခဲ့သည်ကို တွေ့ရှိမည် ဖြစ်ကြောင်း၊ ပြဿနာတိုင်းကို ပြောပြရုံသာမက ဖြေရှင်းနည်းများကိုလည်း အဆိုပြု ခဲ့ကြောင်း ပြောကြားပါသည်။

      တောင်အာဖရိကလွှတ်တော်အမတ် ဆီလစ်ဇ် မွန်ယာက စားနပ်ရိက္ခာ၊ စွမ်းအင် ပြဿနာကို နိုင်ငံရေးကိစ္စဖြစ်အောင် လက်နက်ဖြစ်အောင် လုပ်ခြင်းကို ပြတ်ပြတ်သားသား ဆန့်ကျင်ရမည်ဟု တရုတ်သမ္မတက ပြောကြားခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် လက်တွေ့ ကျသော လုပ်ဆောင်ချက်များဖြင့် နိုင်ငံစုံဝါဒကို မြှင့်တင်ပြီး ကမ္ဘာ့နိုင်ငံများနှင့် တရုတ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုကို ထောက်ခံကြောင်း ပြောကြားပါသည်။