တရုတ်၊ အင်ဒိုနီးရှားတို့သည် စည်းလုံးညီညွတ်ပြီး ပူးပေါင်းဆောင်ရွက်မှု၊ အပြန်အလှန် အကျိုးရှိပြီး အနိုင်ရရှိမှုဘက်များတွင် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် စံနမူနာ စိုက်ထူသည်ဟု ရှီကျင့်ဖိန် ဆို

(GMT+08:00)2022-11-17 16:50:12  

ဒေသစံတော်ချိန် နိုဝင်ဘာလ ၁၆ ရက်နေ့ညက တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ဘာလီကျွန်း၌ အင်ဒိုနီးရှားနိုင်ငံသမ္မတကျိုဂိုနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု China Media Group မှ သတင်းအရ သိရသည်။

ရှီကျင့်ဖိန်က တရုတ်-အင်ဒိုနီးရှားပူးပေါင်းဆောင်ရွက်မှုသည် ထိရောက်သော အောင်ကျိုးရလဒ်များ ရရှိခဲ့ပြီး၊ နှစ်နိုင်ငံပြည်သူများအား အကျိုးပြု စွမ်းဆောင် နိုင်ခဲ့ရုံသာမက၊ ဒေသတွင်းနှင့် ကမ္ဘာ့အတိုင်းအတာတွင်လည်း အပြုသဘောဆောင်သော သြဇာသက်ရောက်မှုရှိကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရ သိရသည်။