Dasu အကြမ်းဖက်တိုက်ခိုက်မှုကို ကြံစည်ဆောင်ရွက်ခဲ့သော သံသယရှိသူများအား ပါကစ္စတန်စီရင်ဆုံးဖြတ်

(GMT+08:00)2022-11-16 17:16:08  

ပါကစ္စတန်ဒေသန္တရတရားရုံးသည် ခေါင်းဆောင်အချို့အား သေဒဏ် ချမှတ်ခြင်း အပါအဝင် ဇူလိုင်လ ၁၄ ရက်နေ့ Dasu အကြမ်းဖက်တိုက်ခိုက်မှုကို ကြံစည် ဆောင်ရွက်ခဲ့သော သံသယရှိသူများကို စီရင်ဆုံးဖြတ်ခဲ့ပါသည်။ ၄င်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင် က ပါကစ္စတန် နိုင်ငံသည် ဇူလိုင်လ ၁၄ ရက်နေ့ Dasu အကြမ်းဖက်တိုက်ခိုက်မှု၏ စုံစမ်းစစ်ဆေးရေး လုပ်ငန်းကို အလွန်အလေးထားပြီး အဖြစ်မှန် သိရှိရန် တတ်နိုင်သမျှ စုံစမ်းကာ တရားခံအစစ်များကို ပြင်းပြင်းထန်ထန် အရေးယူသဖြင့် တရုတ်နိုင်ငံသည် ယင်းကို ချီးကျူးကြောင်း၊ သံသယရှိသူများအား ဖမ်းဆီးရမိခြင်းမှာ တရား ဖြောင့်မှန်မှုကို တိုးပွားစေခြင်း ဖြစ်သည့်အပြင် သေဆုံးခဲ့သော တရုတ်လူမျိုးများကို နှစ်သိမ့်မှုလည်း ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ပါကစ္စတန်နိုင်ငံ၏ အကြမ်းဖက် တိုက်ဖျက်ရေး ကြိုးပမ်းဆောင်ရွက်မှုများကို ဆက်လက်ထောက်ခံမည်ဖြစ်ကြောင်း၊ ပါကစ္စတန် နိုင်ငံရှိ တရုတ်လူမျိုးများ၊ အဖွဲ့အစည်းများနှင့် လုပ်ငန်းများ၏ လုံခြုံဘေးကင်းမှုကို ထိရောက်စွာ ကာကွယ်ထိန်းသိမ်းမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။