အရှေ့အလယ်ပိုင်းဒေသ၌ နျူကလီးယားလက်နက်နှင့် အခြားသောအစုလိုက်အပြုံလိုက် အပျက်အစီး လက်နက်များကင်းစင်ရေးဇုန် တည်ဆောက်ရန် နည်းလမ်းရှာကြံကြဖို့ တရုတ်ပန်ကြား

(GMT+08:00)2022-11-16 14:44:23  

အရှေ့အလယ်ပိုင်းဒေသ၌ နျူကလီးယားလက်နက်နှင့် အခြားသော အစုလိုက်အပြုံလိုက် အပျက်အစီးလက်နက်များကင်းစင်ရေးဇုန် တည်ဆောက်ရန် နည်းလမ်းရှာကြံကြဖို့ ကုလသမဂ္ဂဆိုင်ရာ တရုတ် ဒုတိယအမြဲတမ်းကိုယ်စားလှယ် ကင်စွမ်က ၁၅ ရက်နေ့က ပန်ကြားခဲ့သည်။

ထိုနေ့တွင် ကျင်းပခဲ့သော တတိယအကြိမ်မြောက် အရှေ့အလယ်ပိုင်းဒေသ၌ နျူကလီးယား လက်နက်နှင့် အခြားသောအစုလိုက်အပြုံလိုက် အပျက်အစီးလက်နက်များကင်းစင်ရေးဇုန် တည်ဆောက်ရေးဆိုင်ရာ အစည်းအဝေးတွင် ကင်စွမ်က တရုတ်နိုင်ငံသည် အရှေ့အလယ်ပိုင်းဒေသ၌ နျူကလီးယားလက်နက်နှင့် အခြားသောအစုလိုက်အပြုံလိုက် အပျက်အစီးလက်နက်များကင်းစင်ရေးဇုန် တည်ဆောက်ရန် အစဉ်တစိုက် ထောက်ခံကာ ချုပ်ဆို၍ရသော နျူကလီးယားလက်နက် ကင်းစင်ရေးဇုန် ဆိုင်ရာသဘောတူစာချုပ် မှန်သမျှကို ချုပ်ဆိုပြီး အတည်ပြုသည့်အပြင် သက်ဆိုင်ရာ တာဝန်ဝတ္တရား များကိုလည်း တင်းကျပ်စွာ လိုက်နာဆောင်ရွက်ခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် နျူကလီးယား လက်နက် မရှိသော နိုင်ငံနှင့် ဒေသများအား နျူကလီးယားလက်နက် အသုံးပြုခြင်း သို့မဟုတ် နျူကလီးယား လက်နက်ဖြင့် ခြိမ်းခြောက်ခြင်း ခြွင်းချက်မရှိ မပြုရန် သိသိသာသာ ကတိပြုသည့် တစ်ခုတည်းသော နိုင်ငံပင်ဖြစ်ကြောင်း ပြောကြားသည်။