ဒုံးကျည်ကို မည်သည့်ဘက်က ပစ်လွှတ်ခဲ့ခြင်းနှင့်ပတ်သက်ပြီး ရှင်းလင်းသော သက်သေ အထောက်ထား မရှိသေးကြောင်း ပိုလန်သမ္မတဆို

(GMT+08:00)2022-11-16 17:55:02  

ပိုလန်သမ္မတ Duda က ပိုလန်နိုင်ငံတွင် ပေါက်ကွဲပြီး လူနှစ်ဦးသေဆုံးစေခဲ့သည့် ဒုံးကျည်ကို မည်သည့်ဘက်က ပစ်လွှတ်ခဲ့ခြင်းနှင့်ပတ်သက်ပြီး ရှင်းလင်းသော သက်သေ အထောက်ထားမရှိသေးကြောင်း၊ အဆိုပါကိစ္စကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး ယင်းဒုံးကျည် သည် ရုရှားနိုင်ငံလုပ်ဖြစ်ဖွယ်ရှိကြောင်း နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ရာတွင် သံသယရှိသော ရုရှားဒုံးကျည်များသည် ပိုလန်နိုင်ငံ၏ လူနေ ရပ်ကွက်များအတွင်းသို့ ကျရောက်မှုနှင့်ပတ်သက်၍ ပိုလန်အစိုးရအရာရှိနှင့် မီဒီယာများ၏ ပြောဆိုချက်သည် အခြေအနေရှုပ်ထွေးတိုးမြှင့်စေရန် ကြံစည်သည့် ရန်စမှုများ ဖြစ်ကြောင်း၊ ရုရှားသည် ယူကရိန်း-ပိုလန်နယ်စပ်တွင် တိုက်ခိုက်မှုများ မပြုလုပ်ကြောင်း၊ ပိုလန် မီဒီယာက ပြထားသည့် ဒုံးကျည်၏အစိတ်အပိုင်းများသည် ရုရှားဒုံးကျည်များနှင့် ပတ်သက်မှုလုံးဝမရှိကြောင်း ဖော်ပြခဲ့ပါသည်။

နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ပိုလန်နိုင်ငံအရှေ့ပိုင်း ယူကရိန်းနှင့် နယ်နိမိတ်ချင်း ဆက်စပ်သောဒေသ Hrubieszow တွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး အရပ်သား နှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။