ဖုန်လိယွမ်သည် ဂျီ-၂၀ ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်သော ခေါင်းဆောင်များ၏ ဇနီးများလှုပ်ရှားမှုသို့ တက်ရောက်

(GMT+08:00)2022-11-16 13:40:24  

ဒေသစံတော်ချိန် နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်၏ ဇနီးဖုန်လိယွမ်သည် ဘာလီကျွန်းတွင်ကျင်းပသော ဂျီ-၂၀ ခေါင်းဆောင်များ ၁၇ ကြိမ်မြောက် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ကြသော ခေါင်းဆောင်များ၏ ဇနီးများ လှုပ်ရှားမှုသို့ တက်ရောက်ခဲ့ပါသည်။

ဖုန်လိယွမ်သည် အင်ဒိုနီးရှားသမ္မတ၏ဇနီး အီရီယာနာနှင့်အတူ ဒေသခံဂီတတူရိယာများ၊ ဝတ်စုံများ၊ ကြိမ်ထိုးလုပ်ငန်း၊ ပန်းထိုးလုပ်ငန်းနှင့် အော်ဂဲနစ်အစားအစာပြသမှုကို ကြည့်ရှုခဲ့ပြီး ထန်းရွက်ထိုးခြင်း စသော အင်ဒိုနီးရှားရိုးရာလက်မှုပညာကို လက်တွေ့ခံစားကာ တရုတ်နှင့် အင်ဒိုနီးရှားနှစ်နိုင်ငံတို့သည် သက်ဆိုင်ရာနယ်ပယ်များတွင်  ကူးလူးဖလှယ်မှုနှင့်ပူးပေါင်းဆောင်ရွက်မှုကို အားသစ်လောင်းပေး၍ရကြောင်း ပြောကြားခဲ့ပါသည်။