ရှီကျင့်ဖိန်သည် ဂျီ-၂၀ ခေါင်းဆောင်များ ၁၇ ကြိမ်မြောက် ထိပ်သီးအစည်းအဝေးသို့ ဆက်လက် တက်ရောက်

(GMT+08:00)2022-11-16 16:17:40  

နိုဝင်ဘာလ ၁၆ ရက်နေ့က ဂျီ-၂၀ခေါင်းဆောင်များ ၁၇ ကြိမ်မြောက် ထိပ်သီး အစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ ဘာလီတွင် ဆက်လက်ကျင်းပခဲ့ပါသည်။ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် တက်ရောက်ပြီး မိန့်ခွန်း ပြောကြားခဲ့ပါသည်။

ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးရာတွင် ရှီကျင့်ဖိန်က လက်ရှိအချိန်တွင် ဒစ်ဂျစ်တယ်စီးပွားရေး၏ အတိုင်းအတာသည် ကျယ်ပြန့်လာနေပြီး ကမ္ဘာလုံးဆိုင်ရာ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှု လျင်မြန်လာကာ ကမ္ဘာ့စီးပွားရေး ဖွဲ့စည်းပုံကို ဂယက်ရိုက်ခတ်သည့် အရေးကြီးသော အချက်ဖြစ်လာကြောင်း၊ ဂျီ-၂၀ ဟန်ကျိုးထိပ်သီးအစည်းအဝေးကို တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပစဉ်အတွင်း ဒစ်ဂျစ်တယ်စီးပွားရေးကို ဂျီ-၂၀ အစီအစဉ်တွင် ပထမဆုံးအကြိမ် ထည့်သွင်းခဲ့ပြီး ဆန်းသစ် တီထွင်သော ဖွံ့ဖြိုးတိုးတက်မှုနည်းလမ်းများကို အဆိုပြုခဲ့ကြောင်း၊ လွန်ခဲ့သည့်နှစ်များ အတွင်း ဂျီ-၂၀သည် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုနှင့် ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ ပိုမိုများပြားသော သဘောတူညီမှုများရရှိခဲ့ပြီး ပိုမိုများပြားသော ပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်ခဲ့ကြောင်း၊ ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၏ အောင်ကျိုး ရလဒ်များသည် နိုင်ငံအသီးသီးက ပြည်သူများအတွက် အကျိုးဖြစ်ထွန်းစေရန် ဒစ်ဂျစ်တယ် ပူးပေါင်းဆောင်ရွက်မှု၏ အရေးပါမှုကို လှုံ့ဆော်ပေးနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြား ပါသည်။