ရှီကျင့်ဖိန်သည် သြစတြေးလျ ဝန်ကြီးချုပ် Albanese နှင့် တွေ့ဆုံ

(GMT+08:00)2022-11-16 14:30:27  

ဒေသစံတော်ချိန် နိုဝင်ဘာလ ၁၅ ရက်နေ့ ညနေပိုင်းက တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဘာလီကျွန်း၌ သြစတြေးလျနိုင်ငံဝန်ကြီးချုပ် Albanese နှင့် တွေ့ဆုံ နှုတ်ဆက်ခဲ့သည်။

ရှီကျင့်ဖိန်က တရုတ်-သြစတြေးလျ နှစ်နိုင်ငံတို့သည် အာရှ-ပစိဖိတ်ဒေသတွင် အရေးကြီးသောနိုင်ငံများဖြစ်ကြကြောင်း၊ နှစ်နိုင်ငံဆက်ဆံမှု ကောင်းမွန်အောင် ပြုပြင်ပြီး၊ ထိန်းသိမ်းကာ ဖွံ့ဖြိုးတိုးတက်သင့်ကြောင်း၊ ယင်းသည် နှစ်နိုင်ငံပြည်သူများ၏ အရင်းခံ အကျိုးစီးပွားများနှင့် ကိုက်ညီရုံသာမက၊ အာရှ-ပစိဖိတ်ဒေသနှင့် ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးတွန်းအားပေးရန်အတွက်လည်း အကျိုးရှိကြောင်း ပြောကြားခဲ့သည်။

Albanese က သြစတြေးလျ-တရုတ် ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံမှု သည် နှစ်ဖက်တို့၏ ဘုံအကျိုးစီးပွားနှင့် ကိုက်ညီပါကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရ သိရသည်။