တရုတ်နှင့်အမေရိကန်နိုင်ငံ ထိပ်သီးခေါင်းဆောင်များတွေ့ဆုံခြင်းကို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး၏ ဒုတိယပြောရေးဆိုခွင့်ရှိသူက ကြိုဆိုကြောင်းပြော

(GMT+08:00)2022-11-16 14:42:30  

ယခုလ ၁၄ ရက်နေ့ မွန်းလွဲပိုင်းအချိန်တွင် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် အမေရိကန်သမ္မတ ဘိုင်ဒန်နှင့် အင်ဒိုနီးရှားနိုင်ငံဘာလီကျွန်းတွင် တွေ့ဆုံခဲ့ကြောင်း၊ ၄င်းနှင့် ပတ်သက်ပြီး  ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး၏ ဒုတိယပြောရေးဆိုခွင့်ရှိသူ Farhan Haq က မိမိတို့အနေနှင့် တရုတ်နှင့်အမေရိကန် ထိပ်သီးခေါင်းဆောင်အကြား ဆွေးနွေးခြင်းကို အမြဲတမ်း ကြိုဆိုကြောင်း၊ အထူးသဖြင့် ရာသီဥတု ပြောင်းလဲခြင်းကြောင့် ခြိမ်းခြောက်မှုများကို ကိုင်တွယ်ဖြေရှင်းရန် တစ်ကမ္ဘာလုံး အဓိက စီးပွါးရေးအုပ်စုနှင့် အဓိကနိုင်ငံများ၏ ကြိုးပမ်းမှုသည် အင်မတန်အရေးကြီးကြောင်း၊ ထို့ကြောင့် နှစ်ဖက်အကြား တွေ့ဆုံဆွေးနွေးမှု အပါအဝင် မည်သည့်တိုးတက်မှုဖြစ်စေ မိမိတို့အနေနှင့် ကြိုဆိုကြောင်း ပြောကြားခဲ့သည်။