ယူကရိန်းဒေသအချို့တွင် လျှပ်စစ်မီးပြတ်တောက်မှု ဖြစ်ပွား

(GMT+08:00)2022-11-16 18:04:17  

ယူကရိန်းနိုင်ငံတစ်ဝန်းရှိ စွမ်းအင်အဆောက်အဦ ၁၅ ခုတွင် ဖျက်ဆီးမှု ခံခဲ့ရပြီး Kyiv၊Vinnytsia နှင့် Volyn စသည့် ပြည်နယ်များမှ အသုံးပြုသူ ၇ သန်းကျော်တို့သည် လျှပ်စစ်မီးပြတ်တောက်မှု ကြုံတွေ့ခဲ့ကြကြောင်း ယူကရိန်း သမ္မတရုံးမှ ဒုဥက္ကဋ္ဌ KyryloTymoshenko က ပြောကြားခဲ့သည်ဟု ယူကရိန်း အမျိုးသားသတင်းဌာနမှ ဒေသစံတော်ချိန် ၁၅ ရက်နေ့က ထုတ်ပြန်သော သတင်းအရ သိရပါသည်။ 

ထို့အပြင် ယူကရိန်းပြည်တွင်းမှ ဗို့အားမြင့် ဓာတ်အားခွဲစက်ရုံနှင့် အပူဓာတ်အားပေးစက်ရုံ အပါအဝင် အဆောက်အဦအချို့တွင် တိုက်ခိုက်မှုခံခဲ့ရပြီး ယူကရိန်းမှ နေရာအားလုံးနီးပါးတွင် လျှပ်စစ်မီးပြတ်တောက်မှု ကြုံတွေ့ရကြောင်း ယူကရိန်းဝန်ကြီးချုပ် Denys Shmyhal က ၁၅ ရက်နေ့တွင် ပြောကြားသည်။