ရှီကျင့်ဖိန်သည် တောင်ကိုရီးယားသမ္မတ Yoon Seok-Youl နှင့် တွေ့ဆုံ

(GMT+08:00)2022-11-16 13:41:24  

နိုဝင်ဘာလ ၁၅ ရက်နေ့ ညနေပိုင်းတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ဘာလီကျွန်းတွင် တောင်ကိုရီးယားသမ္မတ Yoon Seok-Youl နှင့် တွေ့ဆုံခဲ့သည်။ ရှီကျင့်ဖိန်က တရုတ်-တောင်ကိုရီးယားသံတမန် ဆက်ဆံရေးထားရှိခဲ့သော အနှစ် ၃၀ သမိုင်းက နှစ်နိုင်ငံဆက်ဆံရေး ရှင်သန် တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရေးသည် နှစ်နိုင်ငံပြည်သူများ၏ အရင်းခံ အကျိုးစီးပွားနှင့် ကိုက်ညီသည်ဟု ပြဆိုထားကြောင်း၊ တရုတ်နိုင်ငံအနေနှင့် တရုတ်-တောင်ကိုရီးယား ဆက်ဆံရေးကို ထိန်းသိမ်းပြီး ခိုင်မာစေကာ ပိုမိုကောင်းမွန်အောင် ဖွံ့ဖြိုးတိုးတက်စေရန် တောင်ကိုရီးယားနှင့်အတူ လက်တွဲကြိုးပမ်းအားထုတ်လို၍  ဒေသတွင်းနှင့်ကမ္ဘာအတွက် ပိုမိုတည်ငြိမ်အေးချမ်းစေရန် အတွက် ဆောင်ရွက်ပေးလိုကြောင်း ပြောကြားခဲ့ပါသည်။

    ဆက်လက်ပြီး ရှီကျင့်ဖိန်က နှစ်ဖက်စလုံးက မဟာဗျူဟာမြောက်ကူးလူးဖလှယ်မှုကို တွန်းအားပေးပြီး နိုင်ငံရေးအပြန်အလှန်ယုံကြည်မှုကို တိုးမြှင့်သင့်ကြောင်း ၊ တရုတ်နှင့် တောင်ကိုရီးယားစီပွားရေးသည်  အပြန်အလှန် ဖြည့်စွက်နိုင်သောနယ်ပယ်များပြားပြီး နှစ်နိုင်ငံ၏ ဘုံဖွံ့ဖြိုးတိုးတက်မှုနှင့် သာယာဝပြောမှုကိုအကောင်အထည်ဖေါ်ရန် ဖွံ့ဖြိုးရေးမဟာဗျူဟာ ချိတ်ဆက်မှုကို မြှင့်တင်ရန် လိုအပ်ပါကြောင်းပြောကြားခဲ့သည်။

   Yoon Seok-Youl ကလည်း တောင်ကိုရီးယားနိုင်ငံသည် တရုတ်နိုင်ငံနှင့် အဆင့်ဆင့် ကူးလူးဆက်ဆံမှုများ ဆက်လက်ထိန်းသိမ်းထားရန်၊ ပြည်သူလူထုအချင်းချင်း ယဉ်ကျေးမှု ဖလှယ်မှုများ အားကောင်းစေရန်၊ နှစ်နိုင်ငံအကြား အရပ်ဘက်ချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်ရန်၊ လွတ်လပ်သော ကုန်သွယ်မှုစနစ်ကို ထိန်းသိမ်းကာကွယ်ရန်နှင့် ကမ္ဘာ့စိန်ခေါ်မှုများကို ပူးပေါင်း ရင်ဆိုင်ဖြေရှင်းရန် မျှော်လင့်ကြောင်းပြောကြားခဲ့ပါသည်။