၂၄ ကြိမ်မြောက် တရုတ်နိုင်ငံတကာ အဆင့်မြင့်နည်းပညာအောင်မြင်မှု ကုန်စည်ပြပွဲကို ရှင်းကျင့်မြို့တွင် ဖွင့်လှစ်

(GMT+08:00)2022-11-16 18:01:43  

နိုဝင်ဘာလ ၁၅ ရက်နေ့က ၂၄ ကြိမ်မြောက် တရုတ်နိုင်ငံတကာ အဆင့်မြင့်နည်းပညာ အောင်မြင်မှု ကုန်စည်ပြပွဲကို ရှင်းကျင့်မြို့တွင် ဖွင့်လှစ်ခဲ့သည်။ ယခုအကြိမ် ကုန်စည်ပြပွဲကို ၅ရက်ကြာ ကျင်းပမည် ဖြစ်ပြီး နိုင်ငံနှင့်ဒေသ ၄၀ ကျော်မှ ကုမ္ပဏီ ၅၆၀၀ကျော်နှင့် အစီအစဉ် ၈၆၀၀ ကျော် ကုန်စည်ပြပွဲတွင် ခင်းကျင်းပြသကြမည် ဖြစ်ပါသည်။ ၄င်းအနက် စမတ် Photovoltaic သန့်ရှင်းရေးစက်ရုပ်၊ AI မျက်နှာပြောင်းလဲခြင်းနည်းပညာနှင့် ကော်ဖီ ဖျော်စက်ရုပ်စသော သိပ္ပံနည်းပညာကုန်ပစ္စည်းများသည် အာရုံစူးစိုက်မှု ခံရသည်။