ဂျီ-၂၀ ခေါင်းဆောင်များ ၁၇ ကြိမ်မြောက် ထိပ်သီးအစည်းအဝေး ကျင်းပပြီးစီး

(GMT+08:00)2022-11-16 17:52:52  

နိုဝင်ဘာလ ၁၆ ရက်နေ့ ညနေပိုင်းတွင် ဂျီ-၂၀ ခေါင်းဆောင်များ ၁၇ ကြိမ်မြောက် ထိပ်သီး အစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း၌ ကျင်းပပြီးစီးခဲ့ပြီး အိန္ဒိယနိုင်ငံသည် ဂျီ-၂၀ သဘာပတိနိုင်ငံအဖြစ် အင်ဒိုနီးရှားမှ လွှဲပြောင်းဆက်ခံခဲ့သည်။

ယခုအကြိမ် ထိပ်သီးအစည်းအဝေး၏ ဆောင်ပုဒ်သည် “အတူတကွ နာလန်ပြန်ထူခြင်း၊ အင်အားကြီးမားစွာ နာလန်ပြန်ထူခြင်း” ဖြစ်ပြီး ဦးစားပေးဆွေးနွေးချက်သုံးချက်မှာ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအခြေခံအဆောက်အအုံ၊ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းခြင်းနှင့် ရေရှည်တည်တံ့သော စွမ်းအင်အသွင်ကူးပြောင်းခြင်းတို့ ဖြစ်ပါသည်။