ရှီကျင့်ဖိန်က တရုတ်၊ ဥရောပသမဂ္ဂတို့သည် ကမ္ဘာကြီးအတွက် တည်ငြိမ်မှုနှင့် အပြုသဘောဆောင်သော စွမ်းအင်ကို ထည့်သွင်းသင့်သည်ဟု ဆို

(GMT+08:00)2022-11-15 16:23:12  

ဒေသစံတော်ချိန် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း၌ ပြင်သစ်နိုင်ငံ သမ္မတ မက်ခရွန်နှင့် တွေ့ဆုံရာတွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ကမ္ဘာ့ Multipolarization ပုံစံတွင် အရေးကြီးသောအင်အားစု နှစ်ခုအနေနှင့် တရုတ်၊ ပြင်သစ်နှင့် တရုတ်၊ ဥရောပသမဂ္ဂတို့သည် လွတ်လပ်ရေး၊ တံခါးဖွင့်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးစိတ်ဓါတ်ကို စွဲကိုင်ပြီး နှစ်ဖက်ဆက်ဆံရေးကို မှန်ကန်သော လမ်းကြောင်း ပေါ်တွင် တည်ငြိမ်စွာ ရေရှည်တိုးတက်ရန် တွန်းအားပေးသင့်ကြောင်း၊ တရုတ်နိုင်ငံအပေါ် လွတ်လပ်ပြီး တက်ကြွသောမူဝါဒကို ဆက်လက်ကျင့်သုံးဆောင်ရွက်ရန် ပြင်သစ်အနေနှင့် ဥရောပသမဂ္ဂအား တွန်းအားပေးဖို့ မျှော်လင့်ကြောင်း ပြောကြားပါသည်။

သမ္မတ မက်ခရွန်က တရုတ်နိုင်ငံ၏ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးပုံစံသည် လူအများ လေးစားဖွယ်ရာရှိကြောင်း၊ ပြင်သစ်နိုင်ငံသည် လွတ်လပ်သော သံတမန်ရေးကို စွဲကိုင်ပြီး အုပ်စုလိုက် ထိပ်တိုက်ရင်ဆိုင်မှုကို ဆန့်ကျင်ကြောင်း ပြောကြားပါသည်။