ထိန်းချုပ်မှုအရ Tianzhou အမှတ် ၄ ၏ လေထုထဲသို့ပြန်ဝင်မှု တာဝန်ကို အောင်မြင်စွာ ပြီးမြောက်

(GMT+08:00)2022-11-15 16:20:41  

Tian zhou အမှတ် ၄ ကုန်တင်အာကာသယာဉ်သည် ပီကင်းစံတော်ချိန် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက် ၇ နာရီ ၂၁ မိနစ်က ထိန်းချုပ်မှုအရ လေထုထဲသို့ ပြန်လည် ဝင်ရောက်ခဲ့ကြောင်း၊ အာကာသယာဉ်အများစုသည် လေထုထဲသို့ ပြန်လည် ဝင်ရောက်စဉ် အတွင်း မီးရှို့ပျက်စီးမှုခံရပြီး အပျက်အစီးအနည်းငယ်သည် တောင်ပစိဖိတ်သမုဒ္ဒရာမှ ကြိုတင်သတ်မှတ်ထားသော ဘေးကင်းပင်လယ်ရပ်ဝန်းထဲသို့ကျသွားကြောင်း တရုတ်နိုင်ငံ လူပါအာကာသလုပ်ငန်းရေးရာရုံးမှ ထုတ်ပြန်သော သတင်းကိုကိုးကား၍ China Media Group မှ ဖော်ပြသည်။