အစ္စတန်ဘူလ် ဗုံးခွဲမှုတွင် သံသယရှိသူ ၄၈ ဦးကို တူရကီရဲတပ်ဖွဲ့ ဖမ်းဆီး

(GMT+08:00)2022-11-15 13:24:22  

တူရကီမီဒီယာများမှ ဒေသစံတော်ချိန် နိုဝင်ဘာလ ၁၄ရက်နေ့တွင် ထုတ်ပြန်သည့် သတင်းအရ အစ္စတန်ဘူလ်မြို့ရှိ Istiklal လမ်းတွင် ဖြစ်ပွားသော ဗုံးခွဲမှုနှင့်ပတ်သက်၍ စုံစမ်း စစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း၊ တူရကီရဲတပ်ဖွဲ့က ဖမ်းဆီး ထားသော သံသယရှိသူ ၄၈ဦးအထိ တိုးလာခဲ့ပြီး ၎င်းတို့အနက် ၃၇ ဦးသည် နိုင်ငံခြားသားများဖြစ်ကြောင်း သိရပါသည်။

     နိုဝင်ဘာလ ၁၃ ရက်နေ့ ညနေပိုင်းတွင် တူရကီနိုင်ငံ၏ အကြီးဆုံးမြို့ အစ္စတန်ဘူလ်မြို့လယ်ရှိ Istiklal လမ်းတွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ ၆ ဦးသေဆုံးပြီး ၈၁ ဦးဒဏ်ရာရရှိခဲ့ပါသည်။