ဂျီ-၂၀ ခေါင်းဆောင်များ ၁၇ ကြိမ်မြောက် ထိပ်သီးအစည်းအဝေး ဖွင့်လှစ်

(GMT+08:00)2022-11-15 16:19:57  

  ဂျီ-၂၀ ခေါင်းဆောင်များ ၁၇ ကြိမ်မြောက် ထိပ်သီးအစည်းအဝေးကို ဒေသစံတော်ချိန် နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းက အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း၌ ဖွင့်လှစ်ခဲ့ပါသည်။ ယခုအကြိမ် အစည်းအဝေးတွင် ကမ္ဘာ့ ကျန်းမာရေး အခြေခံအဆောက်အအုံ တည်ဆောက်ရေး၊ ဒီဂျစ်တယ် အသွင်ကူးပြောင်းရေးနှင့် ဆက်တိုက်ဖွံ့ဖြိုးတိုးတက်နိုင်သော စွမ်းအင် ကူးပြောင်းရေး စသည့် အကြောင်းအရာများကို အဓိကထားပြီး ဆွေးနွေးမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

    ဂျီ-၂၀ ကို ၁၉၉၉ ခုနှစ်က ဖွဲ့စည်းတည်ထောင်ထားခြင်း ဖြစ်ပြီး ကမ္ဘာ့ရေးရာများတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ပြီး ကမ္ဘာ့ပြဿနာများ အတူတကွကိုင်တွယ်ဖြေရှင်းရာတွင် ထိရောက်သော ဘက်ပေါင်းစုံစနစ်တစ်ခု ဖြစ်လာပါသည်။