တရုတ်နှင့်အာဆီယံနိုင်ငံများသည် တောင်တရုတ်ပင်လယ်အရေးကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း အပြည့်အဝရှိသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဆို

(GMT+08:00)2022-11-15 13:25:18  

မကြာသေးမီက ကျင်းပခဲ့သည့် တရုတ်-အာဆီယံ ခေါင်းဆောင်များအစည်းအဝေးတွင် တရုတ်နှင့် အာဆီယံနိုင်ငံများသည် “တောင်တရုတ်ပင်လယ်နိုင်ငံများ အပြုအမူဆိုင်ရာ ကြေညာစာတမ်း လက်မှတ်ရေးထိုးခြင်း နှစ် ၂၀ ပြည့် အထိမ်းအမှတ် ပူးတွဲကြေညာချက်" ကို ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါကြေညာချက်သည် တောင်တရုတ်ပင်လယ် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ပူးတွဲ ထိန်းသိမ်းရန် တရုတ်နှင့် အာဆီယံနိုင်ငံများ၏ စိတ်ပိုင်းဖြတ်ချက်နှင့် ယုံကြည်မှုကို ပြသထားကြောင်း၊ တရုတ်နှင့် အာဆီယံနိုင်ငံများသည် တောင်တရုတ်ပင်လယ်အရေးကို ကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းရန်စွမ်းရည်၊ ယုံကြည်မှုနှင့် ဉာဏ်ပညာ အပြည့်အဝရှိခြင်းကို ထပ်မံသက်သေပြခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က ပြောကြားခဲ့သည်။