ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်သည် ကိုဗစ်-၁၉ Positive ဖြစ်၍ G20 ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် အစီအစဉ် ဖျက်သိမ်း

(GMT+08:00)2022-11-15 13:22:55  

 ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့က ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်သည် ကိုဗစ်-၁၉ စစ်ဆေးမှုတွင် Positive ဖြစ်ကြောင်း သတင်းအရ သိရပါသည်။

       ဒေသစံတော်ချိန် နိုဝင်ဘာလ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ ဟွန်ဆန်သည် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တော်၌ ကျင်းပသော ၄၀ ကြိမ်မြောက်နှင့် ၄၁ ကြိမ်မြောက် အာဆီယံအဖွဲ့ ထိပ်သီး အစည်းအဝေးနှင့် သက်ဆိုင်သောအစည်းအဝေးများကို ဦးစီးကျင်းပခဲ့သည်။ လက်ရှိအချိန်တွင် ဟွန်ဆန်သည် G20 ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် အစီအစဉ်ကို ဖျက်သိမ်းလိုက်ပြီ ဖြစ်သည်။ မကြာခင်ရက်များအတွင်း ဟွန်ဆန်သည် ဖနွမ်းပင်သို့ လာရောက်သော အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်အပါအဝင် နိုင်ငံအသီးသီးမှ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ကြောင်းသတင်းအရ သိရပါသည်။