တောင်ကိုရီးယားနိုင်ငံတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့်နေရာတိုးပြီး ကိုဗစ်-၁၉ ကူးစက် ခံရသော ကျောင်းသားများ စာမေးပွဲဖြေဆိုနိုင်ရန် အာမခံပေးသည်

(GMT+08:00)2022-11-15 13:26:00  

       နိုဝင်ဘာလ ၁၅ ရက်နေ့က တောင်ကိုရီးယားနိုင်ငံ Gwangju မြို့ရှိ အထက်တန်းကျောင်းတစ်ကျောင်းတွင်  စာသင်ခန်းများ ပိုးသတ်နေပါသည်။ မကြာခင်က  တောင်ကိုရီယားပညာရေးဝန်ကြီးဌာနသည် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ကျင်းပမည့် တက္ကသိုလ်ဝင် စာမေးပွဲအတွက် ကြိုတင်ပြင်ဆင်ရန် စာမေးပွဲဖြေဆိုမည့်နေရာများကို တိုးချဲ့နေကြောင်း၊  သာမန် ကျောင်းသား၊ Quarantine နေသောကျောင်းသား၊ ကပ်ရောဂါကူးစက်နေသောကျောင်းသားများသည် သီးသန့်ခွဲထားသော စာသင်ခန်းတွင် ဖြေဆိုကြရမည်ဖြစ်ကြောင်း၊ နိုဝင်ဘာလ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ စာရင်းအရ တောင်ကိုရီးယားတွင် ကိုဗစ်-၁၉အတည်ပြုခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲပါဝင်မည့် ကျောင်းသားမှာ ၁၈၅၈ ဦးရှိကြောင်း၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုရန် ကျောင်းသားအားလုံးသည် နှာခေါင်းစည်းများ တပ်ရမည်ဟု တောင်ကိုရီးယားပညာရေဝန်ကြီးဌာနက သတိပေးကြောင်း သိရပါသည်။