ရှီကျင့်ဖိန်သည် ဂျီ-၂၀ ခေါင်းဆောင်များ ၁၇ ကြိမ်မြောက် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြား

(GMT+08:00)2022-11-15 16:18:29  

နိုဝင်ဘာလ ၁၅ ရက်နေ့က ဂျီ-၂၀ ခေါင်းဆောင်များ ၁၇ ကြိမ်မြောက် ထိပ်သီးအစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ ဘာလီတွင် ကျင်းပခဲ့သည်။ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ပါသည်။

      စားနပ်ရိက္ခာနှင့် စွမ်းအင်ဖူလုံမှုသည် ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှုနယ်ပယ်တွင် အပြင်းထန် ဆုံး စိန်ခေါ်မှုဖြစ်ကြောင်း၊ လက်ရှိအကျပ်အတည်းဖြစ်ပေါ်သည့် အကြောင်းရင်းမှာ ထုတ်လုပ်မှုနှင့် ဝယ်လိုအားပြဿနာမဟုတ်ဘဲ ထောက်ပံ့ရေး ကွင်းဆက်များနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို အနှောင့်အယှက်ခံရခြင်းကြောင့် ဖြစ်ကြောင်း၊ ဖြေရှင်းရေးနည်းလမ်းမှာ ဈေးကွက်ကြီးကြပ်ရေးပူးပေါင်းဆောင်ရွက်မှုကို အားကောင်း စေခြင်း၊ လူသုံးကုန်ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးကို တည်ဆောက်ခြင်း၊ ပွင့်လင်း၊ တည်ငြိမ်၊ ရေရှည်တည်တံ့သော ကုန်စည်ဈေးကွက်ကို တည်ဆောက်ခြင်း၊ ထောက်ပံ့ရေးကွင်းဆက်များ ချောမွေ့စေရေးနှင့် ဈေးကွက်ဈေးနှုန်းများ တည်ငြိမ်စေရေး တို့ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စားနပ်ရိက္ခာနှင့် စွမ်းအင်ဆိုင်ရာ ပြဿနာများကို နိုင်ငံရေးဖြစ်အောင်၊ လက်နက်ဖြစ်အောင် လုပ်ခြင်းတို့ကို ပြတ်ပြတ်သားသား ဆန့်ကျင်ပြီး တစ်ဖက်သတ် ပိတ်ဆို့အရေးယူမှုများကို ရုပ်သိမ်းပြီး သက်ဆိုင်ရာ သိပ္ပံနည်းပညာ ပူးပေါင်း ဆောင်ရွက်မှုအပေါ် ကန့်သတ်ချက်များကို ဖျက်သိမ်းရမည်ဖြစ်ကြောင်း၊ ဂျီ-၂၀ အနေနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအား ထုတ်လုပ်မှု၊ ဝယ်ယူသိုလှောင်မှု၊ အရင်းအနှီးနှင့် နည်းပညာဆိုင်ရာ လိုအပ်သော ပံ့ပိုးကူညီမှုများပေးသင့်ကြောင်း၊ တရုတ်နိုင်ငံသည် ဂျီ-၂၀ အစည်းအဝေးတွင် နိုင်ငံတကာစားနပ်ရိက္ခာ ဖူလုံရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကမ်းလှမ်းချက်ကို တင်ပြခဲ့ပြီး ဘက်အသီးသီးတို့နှင့် နက်ရှိုင်းစွာပူးပေါင်းဆောင်ရွက်နိုင်ရန် မျှော်လင့်ကြောင်း ရှီကျင့်ဖိန်က ပြောကြားပါသည်။