တရုတ်နိုင်ငံသည် ဘီလာရုစ်သို့ ကိုဗစ်ကာကွယ်ဆေး နောက်တစ်သုတ် လှူဒါန်းပေး

(GMT+08:00)2022-11-15 16:15:42  

တရုတ်အစိုးရအနေနှင့် ဘီလာရုစ်နိုင်ငံအား ကိုဗစ်-၁၉ ကာကွယ်ဆေးအလုံးရေ ၂ သန်းကို ထောက်ပံ့ကူညီမည်ဟု တရုတ်အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးဦးစီးဌာနမှ နိုဝင်ဘာလ ၁၄ရက်နေ့က ကြေညာခဲ့ပါသည်။

ပေးအပ်ပွဲအခမ်းအနားတွင် တရုတ်အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ တာဝန်ရှိသူက တရုတ်နိုင်ငံသည် ယင်းမတိုင်ခင်က ဘီလာရုစ်နိုင်ငံအား စမ်းသပ်ပစ္စည်းများ၊ ဆေးဘက်ဆိုင်ရာ မျက်နှာဖုံးများနှင့် အကာအကွယ် အ၀တ်အထည်များ စသော ကူးစက်ရောဂါတိုက်ဖျက်ရေးပစ္စည်းများနှင့် ကာကွယ်ဆေးများကို ပံ့ပိုးခဲ့ဖူးကြောင်း၊ တရုတ်နိုင်ငံအနေနှင့် ကမ္ဘာ တစ်ဝန်းလုံး ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုတွင် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရန်နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုအရှိန်မြှင့်အောင် အခိုင်အမာ ပံ့ပိုးကူညီရန် ဆန္ဒရှိပါကြောင်း ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။