တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့သူမြို့သားများသည် Istiklal လမ်းမကြီးတွင် ဗုံးပေါက်ကွဲ မှုဖြစ်ပွားခြင်းကြောင့် သေဆုံးသူများအား ဝမ်းနည်းကြေကွဲကြောင်း ဖော်ပြ

(GMT+08:00)2022-11-15 16:22:01  

ဒေသစံတော်ချိန် ၂၀၂၂ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့က တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ မြို့သူမြို့သားများသည် Istiklal လမ်းမကြီးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခြင်းကြောင့် သေဆုံးသူများအား ဝမ်းနည်းကြေကွဲကြောင်း ဖော်ပြခဲ့ကြပါသည်။ တူရကီနိုင်ငံ အကြီးဆုံးမြို့ဖြစ်သော အစ္စတန်ဘူလ်မြို့လယ်ခေါင် တာလ်စိမ်ရင်ပြင်ဘေးနား မှ Istiklal လမ်းမကြီးတွင် ယခုလ ၁၃ ရက်နေ့ ညနေပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် လူ ၆ ဦးထက်မနည်းသေဆုံးပြီး ၈၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။