ကန် ဗာဂျီးနီးယားတက္ကသိုလ် သေနတ်ပစ်ခတ်မှု သင်္ကာမကင်းရှိသူကို ဖမ်းဆီးရမိ

(GMT+08:00)2022-11-15 16:23:46  

    ဒေသစံတော်ချိန် နိုဝင်ဘာလ ၁၄ ရက်နေ့က အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ် Charlottesville ၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ဗာဂျီးနီးယားပြည်နယ် မြင်းစီးရဲအဖွဲ့ ခေါင်းဆောင် Craig Worsham က ညပိုင်းတွင် ဖြစ်ပွားခဲ့သော သေနတ်ပစ်ခတ်မှု၏ သင်္ကာမကင်းရှိသူကို ဖမ်းဆီးရမိသည်ဟု ဗာဂျီးနီးယားတက္ကသိုလ် ရဲချုပ် Tim Longo အား သတင်းပေးပို့ ခဲ့ပါသည်။ နိုဝင်ဘာလ ၁၃ ရက်နေ့ ညက ဗာဂျီးနီးယားတက္ကသိုလ်၌ ဖြစ်ပွားခဲ့သော သေနတ်ပစ်ခတ်မှုတွင် လူ ၃ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ သင်္ကာမကင်းရှိသူ Christopher Jones ကို နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် ဖမ်းဆီးရမိခဲ့ပါသည်။