သြစတြေးလျနိုင်ငံ Melbourne မြို့ အနောက်တောင်ပိုင်း၌ ကုန်တင်ရထားတစ်စီး လမ်းချော်

(GMT+08:00)2022-11-14 21:09:29  

ဒေသစံတော်ချိန် နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက် ၆နာရီဝန်းကျင်က ကုန်တင် ရထားတစ်စီးသည် သြစတြေးလျနိုင်ငံ Melbourne မြို့ အနောက်တောင်ပိုင်း၌ လမ်းချော်ခဲ့ကြောင်း သြစတြေးလျမီဒီယာမှ သတင်းအရ သိရပါသည်။

ဒေသခံအရေးပေါ်တုံ့ပြန်ရေးဌာနက ယင်းမတော်တဆမှုဖြစ်ပွားရာ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေကြောင်း၊ လူများ သေကျေဒဏ်ရာရရှိမှု မရှိသေးကြောင်း ပြောကြား ပါသည်။