ဂျာကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်း စမ်းသပ်မှုအပိုင်းတွင် ပူးတွဲ စမ်းသပ်လည်ပတ်မှု ပြုလုပ်ရန် အခြေအနေ ပြည့်မီ

(GMT+08:00)2022-11-14 21:09:05  

တရုတ်နိုင်ငံတကာ ရထားလမ်းကော်ပိုရေးရှင်းမှ သတင်းအရ တည်ဆောက်နေဆဲဖြစ်သော အင်ဒိုနီးရှား ဂျာကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်း စမ်းသပ်မှုအပိုင်းတွင် စမ်းသပ်လည်ပတ်မှု ပြုလုပ်ရန် အခြေအနေ ပြည့်မီနေပြီဖြစ်ကြောင်း သိရပါသည်။ ပြီးခဲ့သည့် တစ်ပတ်က တရုတ်ပြည်ထုတ် မြန်နှုန်းမြင့်ရထားတစ်စင်းသည် ဂျာကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်း ဒယ်ကာရော်ဘူတာရုံမှ ထွက်ခွာလာသဖြင့် ဂျာကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်းစမ်းသပ်မှုအပိုင်းတွင် လျှပ်စစ်စနစ်ဖြင့် စမ်းသပ်လည်ပတ်မှု (Hot sliding test ) စတင်ပြုလုပ်ခဲ့သည်။

ဂျာကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်းသည် အင်ဒိုနီးရှားမြို့တော် ဂျာကာတာနှင့် စတုတ္ထ အကြီးဆုံးမြို့ ဘန်ဒေါင်းကို ချိတ်ဆက်ထားပြီး တစ်နာရီလျှင် ကီလိုမီတာ ၃၅၀ မြန်နှုန်းဖြင့် ခုတ်မောင်းရန် ဒီဇိုင်းဆွဲထားသည်။ ယင်းရထားလမ်း အပြီးတည်ဆောက်လျှင် ဂျာကာတာမှ ဘန်ဒေါင်းအထိ ခရီးသွားလျှင် လက်ရှိ ၃ နာရီကျော်ကြာမှ မိနစ် ၄၀ အထိသာ လိုအပ်မည်ဖြစ်ကြောင်း သတင်းအရ သိရပါသည်။