တူရကီအစ္စတန်ဘူလ် Istiklal လမ်းတွင် ပေါက်ကွဲမှုဖြစ်ပွားခြင်းကြောင့် လူ ၄ ဦး သေဆုံးပြီး ၃၈ ဦး ဒဏ်ရာရရှိ

(GMT+08:00)2022-11-14 21:10:57  

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ Istiklal လမ်းမကြီးတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် လူ ၄ ဦး သေဆုံးပြီး ၃၈ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသစံတော်ချိန် ယခုလ ၁၃ရက်နေ့က တူရကီနိုင်ငံ အစ္စတန်ဘူလ် ပြည်နယ်အုပ်ချုပ်ရေးမှူး Yerlikaya က လူမှုကွန်ရက် မှတစ်ဆင့် သတင်းထုတ်ပြန်ခဲ့သည်။

ဒေသစံတော်ချိန် ၁၃ရက်နေ့က အစ္စတန်ဘူလ် ရှေ့နေချုပ်ရုံးမှ ကြေညာချက်ကို ထုတ်ပြန်ပြီး Istiklal လမ်းမှ အကြောင်းမသိရသေးသည့် ပေါက်ကွဲမှုကို စုံစမ်းစစ်ဆေးရန် ရှေ့နေ ၅ဦးတို့အား တာဝန်ခန့်အပ်ထားပြီဖြစ်ကြောင်း တူရကီမီဒီယာမှ သတင်းအရ သိရသည်။