အမေရိကန် Nebraska ပြည်နယ်တွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး၊ လူ ၇ ဦးထက်မနည်း ဒဏ်ရာရရှိ

(GMT+08:00)2022-11-14 21:10:31  

ဒေသစံတော်ချိန် နိုဝင်ဘာလ ၁၃ ရက်နေ့က အမေရိကန်နိုင်ငံ Nebraska ပြည်နယ် Omaha မြို့တွင် သေနတ်ပစ်ခတ်မှုတစ်ရပ်ဖြစ်ပွားခဲ့ပြီး၊ လူ ၇ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြ သည်ဟု သတင်းအရ သိရသည်။

လင်းအားကြီး ၄နာရီ ၁၅မိနစ်ခန့်က ၃၃လမ်းနှင့် Ames လမ်းများအနီးတွင်              ၄င်းသေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ဒဏ်ရာရရှိသူ ၇ဦးတို့သည် ဒေသခံ ဆေးရုံ၌ ကုသမှုခံနေကြပြီး၊ ဒဏ်ရာရရှိမှု အသေးစိတ်အကြောင်းကို မသိရသေးကြောင်း ဒေသခံ ရဲဘက်မှ ဖော်ပြခဲ့သည်ဟု သတင်းအရ သိရသည်။