ရှီကျင့်ဖိန်သည် အထူးလေယာဉ်ဖြင့် အင်ဒိုနီးရှားနိုင်ငံဘာလီသို့ ရောက်ရှိ

(GMT+08:00)2022-11-14 21:11:53  

၁၄ ရက်နေ့ မွန်းလွဲပိုင်းတွင် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် အထူးလေယာဉ်ဖြင့် အင်ဒိုနီးရှားနိုင်ငံဘာလီရှိ Ngurah Rai အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့သည်။

အင်ဒိုနီးရှားသမ္မတ Joko Widodo ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် အင်ဒိုနီးရှားနိုင်ငံဘာလီတွင် နိုဝင်ဘာလ ၁၄ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကျင်းပမည့် ဂျီ-၂၀ ခေါင်းဆောင်များ ၁၇ ကြိမ်မြောက် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည် ဖြစ်သည်။