အင်ဒို၌ ပြင်ဆင်ရေးလုပ်ငန်းများ အဆင်သင့်ဖြစ်နေပြီ၊ ဘာလီကျွန်းသည် ဂျီ-၂၀ အချိန်သို့ ဝင်ရောက်

(GMT+08:00)2022-11-14 21:09:57  

ဂျီ-၂၀ အုပ်စုခေါင်းဆောင်များ ၁၇ ကြိမ်မြောက် ထိပ်သီးအစည်းအဝေးကို အင်ဒိုနီးရှား နိုင်ငံဘာလီကျွန်း၌ကျင်းပမည်ဖြစ်ပါသည်။ အင်ဒိုနီးရှားနိုင်ငံ ဘာလီပြည်နယ်အုပ်ချုပ်ရေးမှူး ကော်စတေက လက်ရှိအချိန်တွင် ထိပ်သီးအစည်းအဝေး ကျင်းပရာနေရာ၊ မီဒီယာ စင်တာစသည်တို့ အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း၊ ထိပ်သီးအစည်းအဝေးကို ချောမောစွာ ကျင်းပနိုင်ရန် မျှော်လင့်ကြောင်း၊ မိမိအနေနှင့် ဘာလီပြည်နယ်အစိုးရ၊ ဘာလီကျွန်း ပြည်သူများကိုယ်စား ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ဘာလီကျွန်းသို့ လာရောက်ကြမည့်နိုင်ငံအသီးသီးမှ ထိပ်သီးခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များအား ကြိုဆိုလိုက်ကြောင်း၊ အထူးသဖြင့် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာမည့် တရုတ် နိုင်ငံသမ္မတ ရှီကျင့်ဖိန်အား ကြိုဆိုလိုက်ကြောင်း၊ ဘာလီကျွန်းမှ ကြိုဆိုပါကြောင်း၊ ပြောကြားပါသည်။