၁၄ ကြိမ်မြောက် စိမ့်မြေသဘောတူစာချုပ် စာချုပ်ဝင်နိုင်ငံများညီလာခံ ကျင်းပပြီးစီး

(GMT+08:00)2022-11-14 21:07:08  

နိုဝင်ဘာလ ၁၃ ရက်နေ့က ၁၄ ကြိမ်မြောက် စိမ့်မြေသဘောတူစာချုပ် စာချုပ်ဝင်နိုင်ငံများညီလာခံကို ကျင်းပပြီးစီးခဲ့ပါသည်။ ညီလာခံတွင် ဝူဟန့်ကြေညာ စာတမ်းနှင့် ၂၀၂၅ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ်အထိ ကမ္ဘာ့စိမ့်မြေများ ကာကွယ် ထိန်းသိမ်းရေးဆိုင်ရာ မဟာဗျူဟာမူဘောင်စသည့် အရေးကြီးသော အောင်မြင်မှု များကို ရရှိခဲ့ပါသည်။

      ညီလာခံကျင်းပစဉ်အတောအတွင်း တရုတ်နိုင်ငံသည် သဘာပတိနိုင်ငံအဖြစ် ညီလာခံကြီးမှူးကျင်းပခြင်း၊ ရပ်တည်ချက်ညှိနှိုင်းခြင်းနှင့် ကြားဖြတ်ညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်းခြင်း စသည့် အလုပ်တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ပြီး ညီလာခံတွင် အောင်မြင်မှုများ ရရှိစေခဲ့ပါသည်။

၁၅ ကြိမ်မြောက် စိမ့်မြေသဘောတူစာချုပ် စာချုပ်ဝင် နိုင်ငံများညီလာခံကို ဇင်ဘာဘွေနိုင်ငံက လက်ခံကျင်းပမည်ဖြစ်ကြောင်း ညီလာခံတွင် ဆုံးဖြတ်ခဲ့ပါသည်။ ညီလာခံကျင်းပပြီးစီးပြီးနောက် ၆၁ ကြိမ်မြောက် စိမ့်မြေ သဘောတူစာချုပ် အမြဲတမ်း ကော်မတီအစည်းအဝေးကို ဆက်လက်ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် တရုတ် နိုင်ငံသည် အမြဲတမ်းကော်မတီ၏ သဘာပတိအဖြစ် အရွေးခံရပါသည်။