တရုတ်-အင်ဒိုနီးရှား ကံကြမ္မာတူအသိုက်အဝန်း တည်ဆောက်ခြင်းသည် နှစ်နိုင်ငံ ပြည်သူများ၏ ဘုံမျှော်မှန်းချက်ဖြစ်သည်ဟုအင်ဒိုနီးရှားဆိုင်ရာ တရုတ် သံအမတ်ကြီး လူ့ခန်းဆို

(GMT+08:00)2022-11-14 21:08:16  

ဂျီ-၂၀ ခေါင်းဆောင်များ ၁၇ကြိမ်မြောက်ထိပ်သီးအစည်းအဝေးကို နိုဝင်ဘာလလယ် တွင် အင်ဒိုနီးရှားနိုင်ငံ ဘာလီတွင် ကျင်းပမည်ဖြစ်သည်။ ထိပ်သီးအစည်းအဝေးအကြိုတွင် အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးလူ့ခန်းက ဆင်ဟွာသတင်းဌာနနှင့် သီးသန့် တွေ့ဆုံမေးမြန်းခန်းတွင် တရုတ်နိုင်ငံသည် အင်ဒိုနီးရှားအား ယခုနှစ် ဂျီ-၂၀ သဘာပတိ နိုင်ငံအဖြစ် လုပ်ငန်းများကို တက်ကြွစွာ ထောက်ခံအားပေးပြီး ထိပ်သီးအစည်းအဝေးသည် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်မည်ဟုမျှော်လင့်ကြောင်း၊ တရုတ်နှင့် အင်ဒိုနီးရှားတို့သည် ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် အရေးပါသော ထွန်းသစ်စ စီးပွားရေးနိုင်ငံများ ဖြစ်ကြပြီး တရုတ်-အင်ဒိုနီးရှား ကံကြမ္မာတူအသိုက်အဝန်းတည်ဆောက်ခြင်းသည် နှစ်နိုင်ငံ ပြည်သူများ၏ ဘုံမျှော်မှန်းချက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။