တောင်ကိုရီးယားနိုင်ငံ Itaewon တွင် ဖြစ်ပွားခဲ့သည့်လူအုပ်ကြီးတိုးဝှေ့နင်းမိမှုတွင် သေဆုံးသူဦးရေ ၁၅၈ ဦး အထိ တိုးလာ

(GMT+08:00)2022-11-14 21:11:22  

  တောင်ကိုရီးယားနိုင်ငံ Itaewon တွင် ဖြစ်ပွားခဲ့သည့် လူအုပ်ကြီးတိုးဝှေ့နင်းမိမှုတွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည့် အသက် ၂၀ ခန့်အရွယ်ရှိသော တောင်ကိုရီးယားအမျိုးသမီးတစ်ဦးသည် သေဆုံးသွား ပြီ ဖြစ်သောကြောင့် ယင်းအရေးကိစ္စကြောင့် သေဆုံးသူဦးရေမှာ ၁၅၈ ဦးအထိ တိုးလာကြောင်း၊ လူ ၁၀ ဦးသည် ဆေးဝါးကုသမှု ခံယူနေလျက်ရှိကြောင်း တောင်ကိုရီးယား ဗဟိုလုံခြုံရေးဆိုင်ရာ တန်ပြန် ဆောင်ရွက်ရေး ဌာနချုပ်(Central Disaster and Safety Countermeasures Headquarters)က ဒေသစံတော်ချိန် နိုဝင်ဘာလ ၁၃ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါသည်။